ဥရောပ သမဂ္ဂ ဥရောပသမဂ္ဂ(အီးယူ) ဥရောပအဖွဲ့၏ ဆောင်ရွက်မှုများ ကိုးကား လမ်းညွှန်မီနူးimprove this ဆောင်းပါးပြင်ဆင်Oxford Dictionary of English: European 5 b. spec. Designating a developing series of economic and political unions between certain countries of western (and later also eastern) Europe from 1952 onwards, as European Economic Community, European Community, European Union.First demographic estimates for 2009
ဥရောပတိုက်နိုင်ငံများ ပေါင်းစုထားသည့် အဖွဲ့အစည်းများ
ပထမကမ္ဘာစစ်ဒုတိယကမ္ဘာစစ်ဥရောပပြင်သစ်နိုင်ငံပါရီမြို့
ဥရောပ သမဂ္ဂ
Jump to navigation
Jump to search
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက်များ စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ This ဆောင်းပါး may require cleanup to meet Wikipedia's quality standards. Please improve this ဆောင်းပါး if you can. The talk page may contain suggestions. |
ဥရောပ သမဂ္ဂသည် အဖွဲ့ဝင် ၂၈ နိုင်ငံရှိသည့် နိုင်ငံရေး၊ စီးပွားရေးရာ နိုင်ငံတကာအဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။[၁] အဖွဲ့ဝင်နိုင်ငံများမှာ အဓိကအားဖြင့် ဥရောပတွင် တည်ရှိသည်။ ဥရောပသမဂ္ဂအား မက်စ်ထရစ်စာချုပ်အရ ၁၉၉၃ ခုနှစ်တွင် ထူထောင်ခဲ့သည်။ ဥရောပသမဂ္ဂဧရိယာအတွင်း နေထိုင်သူဦးရေမှာ ခန့်မှန်းခြေ သန်း ၅၁၀ ကျော်ခန့် ရှိသည်။ [၂]

The member states of the European Union (European Communities pre-1993), animated in order of accession. Only territories in and around Europe are shown.
လန်
ဇာလန်
ကင်းဒမ်း
ဥရောပသမဂ္ဂ(အီးယူ)
ပထမကမ္ဘာစစ်နှင့်ဒုတိယကမ္ဘာစစ်ကြီးများကြောင့်အကွဲကွဲအပြားပြားဖြစ်သွားသော ဥရောပနိုင်ငံများအား လူမျိုးရေး၊ယဉ်ကျေးမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေးတို့အရ ဆက်နွယ်မှုရှိကြသော ဥရောပတိုက်သားများက စုစည်းညီညွတ်သော ဥရောပတစ်ခုဖြစ်ရေးတွက် ဦးတည်ရည်မှန်း လှုပ်ရှားမှုများသည် ဒုတိယကမ္ဘာစစ် ပြီးဆုံးသည့်နောက် စောစီးစွာကပင် စတင် ဖြစ်တည်လာခဲ့ပေသည်။ ၁၉၅၁ ခုနှစ်၊ ဧပြီလ ၁၈ရက်နေ့တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ လက်မှတ်ရေးထိုးကြသော စာချုပ်ဖြင့်တည်ထောင်ခဲ့ကြသည့် ဥရောပကျောက်မီးသွေးနှင့် သံမဏိအဖွဲ့ (အီးစီအက်စ်စီ) ကို ညီညွတ်သော ဥရောပတစ်ခုဆီသို့ရည်ရွယ်သည့် ပထမဆုံးခြေလှမ်းအဖြစ် မှတ်ယူခဲ့ကြသည်။ ယင်းအဖွဲ့၌ မူလပါဝင်သောနိုင်ငံ (၆) နိုင်ငံမှာ ဘယ်လဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ လူဇင်ဘတ်နှင့် နယ်သာလန်နိုင်ငံတို့ ဖြစ်ကြသည်။ ထိုနောက် ဒိန်းမတ်၊ အိုင်ယာလန်နှင့် ဗြိတိန်နိုင်ငံတို့သည် ၁၉၇၃ ခုနှစ်၊ ဇန်နဝါရီ ၁ရက်နေ့တွင်လည်းကောင်း၊ ဂရိနိုင်ငံသည်၁၉၈၁ ခုနှစ် ဇန်နဝါရီ ၁ရက်နေ့တွင်လည်းကောင်း၊ ပေါ်တူဂီနှင့် စပိန်နိုင်ငံတို့သည် ၁၉၈၆ ခုနှစ်၊ ဇန်နဝါရီလ ၁
ရက်နေ့တွင်လည်းကောင်း အဖွဲ့ဝင်နိုင်ငံများ ဖြစ်လာခဲ့ကြသည်။ ၁၉၉ဝပြည့်နှစ်၊ အောက်တိုဘာလတွင်နှစ်ခြမ်းကွဲဂျာမနီနိုင်ငံ ပြန်လည်ပေါင်းစည်းမိသောအခါ ယခင်ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံသည် ချက်ချင်းပင် ထိုအဖွဲ့၏ အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။ ဤအတောအတွင်း ဒတ်ချ်တို့အုပ်စိုးစဉ်က ယင်းအဖွဲ့တွင် ပါဝင်ခဲ့သော ဂရင်းလင်းကျွန်းနိုင်ငံသည် ၁၉၈၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့တွင် အဖွဲ့ဝင်အဖြစ်ကိုရပ်စဲခဲ့သည်။
အီးစီအက်စ်စီ ဖြစ်ပေါ်ခဲ့ပြီးနောက် ခြောက်နှစ်အကြာ ၁၉၅၇ ခုနှစ်၊ မတ် ၂၅ ရက်နေ့တွင်အီတလီနိုင်ငံ၊ ရောမမြို့၌ သီးခြားစာချုပ်နှစ်ရပ် လက်မှတ်ရေးထိုးချုပ်ဆိုကာ ဥရောပစီးပွားရေးအဖွဲ့(အီးအီးစီ)နှင့် ဥရောပ အဏုမြူစွမ်းအင်အဖွဲ့(ယူရာတွမ်) တို့ကို ဆက်လက်ဖွဲ့စည်း တည်ထောင်ခဲ့ကြသည်။ အီးအီးစီမှာဘုံဈေးအဖွဲ့တစ်ဖွဲ့ ဖန်တီးကာ စီးပွားရေးမူဝါဒများကို ညှိနှိုင်းရန်ဖြစ်သည်။ ယူရာတွမ်မှာ နျူကလီးယား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဖြစ်သည်။
ရောမစာချုပ်
အီးအီးစီအဖွဲ့ ဖွားမြင်ပေါ်ပေါက်လာသည့် စာချုပ်သည်ရောမစာချုပ်ဟုနာမည်တွင်ခဲ့သည်။ ယင်းစာချုပ်သည် ၁၉၅၈ခုနှစ်၊ ဇန်နဝါရီ ၁ရက်နေ့မှစ၍ တရားဝင် အတည်ဖြစ်လာခဲ့သည်။ ဤစာချုပ်အရ စာချုပ်ဝင်နိုင်ငံများက အီးအီးစီအဖွဲ့ဝင်၏ဦးစီးဦးဆောင်ရုံးဌာန အဖွဲ့အစည်းများနှင့် နီးကပ်စွာပူးပေါင်းလုပ်ဆောင် ကြရန်နှင့် စာချုပ်၏ ရည်ရွယ်ချက်များ ထမြောက်အောင်မြင်စေရန် လိုအပ်သည့် အတိုင်းအတာအထိ သူတို့၏စီးပွားရေး မူဝါဒအသီးသီးကို ညှိနှိုင်းကြရန် ကတိကဝတ်ပြုခဲ့ကြသည်။
ဘုံဈေး
အထက်ပါရောမစာချုပ်အရ စာချုပ်ဝင်ဥရောပနိုင်ငံများက ဘုံဈေး ကို ၁၂ နှစ်တာ အသွင်ကူး ပြောင်းရေးကာလအတွင်း တစ်စတစ်စ တိုးတက်တည်ဆောက်ဖော်ဆောင် သွားကြရန်ပြဋ္ဌာန်းခဲ့သည်။ အသွင်ကူးပြောင်းရေးကာလကို လေးနှစ်တစ်ဆင့် စီထား၍အဆင့်သုံးဆင့် ပိုင်းခြားလုပ်ဆောင်ရန် သတ်မှတ်ခဲ့ကြသည်။
ပင်လယ်ရပ်ခြားနိုင်ငံများနှင့် နယ်မြေများပါဝင်နိုင်ခွင့်ရောမ စာချုပ်၏အပိုင်း (၄)ပါ ပြဋ္ဌာန်းချက်များအရအဖွဲ့ဝင်နိုင်ငံများက ဥရောပတိုက်တွင် မပါဝင်သောနိုင်ငံများနှင့်
ဘယ်လဂျီယံ၊ ပြင်သစ်၊ အီတလီနှင့် နယ်သာလန်နိုင်ငံတို့နှင့် အထူးဆက်ဆံရေးများ ရှိကြသည့် နယ်မြေများအား ဘုံဈေးအဖွဲ့(အီးအီးစီ)နှင့် ပေါင်းဖက်ပါဝင်လာစေရန် သဘောတူညီခဲ့ကြသည်။ ဤသည်မှာ ယင်းနိုင်ငံ နယ်မြေများ၏ စီးပွားရေးနှင့်လူမှုရေးများတိုးတက်ဖွံ့ဖြိုးပြီး ၎င်းတို့နှင့် အီးအီးစီအကြားတွင် စီးပွားရေးဆက်သွယ်မှုများကို နီးကပ်စွာ တည်ထားရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း ဥရောပအဖွဲ့ဝင်နိုင်ငံများသည် ၎င်းနိုင်ငံနယ်မြေများနှင့် ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်ကြရာ၌ ၎င်းတို့အဖွဲ့ဝင် နိုင်ငံအချင်းချင်းစပ်ကြား ရောမစာချုပ်၏ စည်းမျဉ်း၊ စည်းကမ်းများဖြင့် ဆက်ဆံကြသည့် နည်းတူပြုလုပ် ကြရမည်ဖြစ်စေကြောင်း ပြဋ္ဌာန်းထားရှိပေသည်။
ယာအုံဒီကွန်ဗင်းရှင်း
သဘောတူစာချုပ်ပင်လယ်ရပ်ခြားနယ်မြေများ အီးအီးစီအဖွဲ့တွင်ပေါင်းဖက်ပါဝင်ရေးနှင့် ပတ်သက်သည့် ပထမဆုံးသော ယာအုံးဒီကွန်ဗင်းရှင်း သဘောတူစာချုပ်သည် ၁၉၆၂ ခု၊ဒီဇင်ဘာလ ၃၁ရက်နေ့တွင်သက်တမ်း ကုန်ဆုံးသွားခဲ့ရာ၊ ယခင်က ပြင်သစ်၊ဘယ်လဂျီယံနှင့် အီတလီပိုင် ကိုလိုနီပိုင် နယ်မြေများဘဝမှလွတ်လပ်ရေးရလာကြသော အာဖရိကနိုင်ငံများက အီးအီးစီတွင် ပေါင်းဖက်ပါဝင်ခြင်းကို သဘောတူစာချုပ် အသစ်တစ်ရပ် ဖြင့်ဆက်လက်ပြုလုပ်လိုကြောင်း ဆန္ဒပြုလာကြသဖြင့် ကာလကြာမြင့်စွာစေ့စပ်ဆွေးနွေးကြပြီးနောက် အီးအီးစီနှင့် အာဖရိကနိုင်ငံများနှင့် မာဒါဂတ်စကာနိုင်ငံတို့စပ်ကြား ပေါင်းဖက်ရေး ကွန်ဗင်းရှင်းသဘောတူစာချုပ် ကို ၁၉၆၃ ခု၊ ဇူလိုင် ၂ဝ ရက် နေ့တွင် ကင်မရွန်းနိုင်ငံ၊ ယာအုံဒီမြို့၌ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။ ယာအုံဒီကွန်ဗင်းရှင်းဟု အမည်တွင်ခဲ့သော အဆိုပါသဘောတူစာချုပ်သည် ၁၉၆၄ ဇွန်လ၁ရက်နေ့တွင်တရားဝင်အတည်ဖြစ်လာခဲ့သည်။ အပေါင်းပါ အာဖရိကနိုင်ငံ များမှာ ထိုစဉ်က ဒါဟိုမီဟု ခေါ်တွင်သည့် ဘီနင်၊ ဘူရွန်ဒီ၊ ကင်မရွန်း၊ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ချက်(ဒ်)၊ ကွန်ဂို၊ ဂါဗုန်၊ အိုင်ဗော်ရီကို့(စ်)၊ မာဒါဂတ်စကာ၊ မာလိ၊ မော်ရီတေးနီးယား၊ နိုင်ဂျာ၊ရဝမ်ဒါ၊ ဆီနိဂေါ၊ ဆိုမားလီးယား၊ တိုဂို၊ အထက်ဗော်လတာနိုင်ငံနှင့် ဇိုင်ယာစသည့် ၁၈ နိုင်ငံတို့ ဖြစ်ကြသည်။
၁၉၆၃ ကွန်ဗင်းရှင်း သဘောတူစာချုပ်ကို ပြင်ဆင်ချက်များဖြင့် အသစ်ပြုပြင်ရေးဆွဲကာ ဒုတိယ ယာအုံဒီကွန်ဗင်းရှင်း သဘောတူစာချုပ်ကို ကာလရှည်ကြာစွာ စေ့စပ်ညှိနှိုင်းကြပြီးနောက် ၁၉၆၉ခု၊ ဇူလိုင် ၂၉ရက်နေ့တွင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်။ မော်ရိသျှနိုင်ငံသည် ၁၉၇၃ ခု၊ ဇွန်လ ၁ရက်နေ့တွင် စာချုပ်၌ လက်မှတ်ရေးထိုးပါဝင်လာခဲ့သည်။အထက်ပါ ဒုတိယ ယာအုံဒီကွန်ဗင်းရှင်း သဘောတူစာချုပ်သည် ၁၉၇၅ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင်သက်တမ်းစေ့မြောက်ခဲ့ရာ၊ ၎င်းကိုထိုနှစ်(၁၉၇၅)မှာပင် ချုပ်ဆိုသည့် လုမ်းကွန်ဗင်းရှင်းသဘောတူစာချုပ်ဖြင့် အစားထိုးခဲ့ကြသည်။
လုမ်းစာချုပ်ကို လက်မှတ် မရေးထိုးမီ ၁၉၇၃ခု၊ နိုဝင်ဘာ ၂၁ရက်နေ့တွင် အီးအီးစီနှင့် အခြားတစ်ဖက်တွင် အာဖရိကတိုက်၊ ကာရီဘီယန်ပင်လယ်ဒေသနှင့် ပစိဖိတ်သမုဒ္ဒရာဒေသတို့၌
နိုင်ငံပေါင်း ၄၃နိုင်ငံ တို့စပ်ကြား၌ စေ့စပ်ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့ကြသည်။ ထိုနောက် လွတ်လပ်ရေးရရှိလာကြသည့် အီကွေးတိုးရီရယ် ဂီနီ၊ ဂီနီ-ဘီဆောနှင့် ဂရီနားဒါး နိုင်ငံတို့ကရှေ့တွင်ဖော်ပြပါနိုင်ငံများနှင့် ပေါင်းဖက်လာကြသောအခါ နိုင်ငံပေါင်း ၄၆ နိုင်ငံဖြစ်လာခဲ့သည်။ ထိုနောက်တစ်ဖန် ကိပ်ဗာဒီကျွန်းစုနိုင်ငံ၊ ဆောတိုမေနှင့်ပရင်စီ ပေနိုင်ငံ၊ ပါပူဝါနယူးဂီနိုင်ငံ၊ကိုမိုရိုကျွန်းစုနိုင်ငံ၊ ဆူရီနမ်နိုင်ငံနှင့် ဆေးရှဲလ်နိုင်ငံတို့အားလုံးကွန်းဗင်းရှင်း တွင်ထည့်သွင်း ပါဝင်စေရန် ၁၉၇၇ ခုနှစ်တွင်သဘောတူညီမှု ရရှိခဲ့ကြသည်။ ဤသို့ဖြင့်အဖွဲ့ဝင်နိုင်ငံများဦးရေမှာ ၅၂ နိုင်ငံအထိ တိုးပွားလာခဲ့သည်။ (ဤနိုင်ငံများသည်အာဖရိက၊ ကာရီဘီယန် နှင့်ပစိဖိတ်ဒေသဝင်နိုင်ငံများဖြစ်ကြ၍ ၎င်းတို့အား အေစီပီနိုင်ငံများဟု ခေါ်စမှတ်ပြုခဲ့ကြသည်။)
အခြားစာချုပ်များအီးအီးစီဟူသော အမည်သညာသည် ဘုံဈေး(Economic Community) ကိုခေါ်ဆိုခြင်း ဖြစ်သော်လည်း၊ ဤစာတမ်း၏ ရှေးဦးပိုင်းတွင် ဖော်ပြပါရှိသော အဖွဲ့ကြီး သုံးဖွဲ့(အီးစီအက်စ်စီ၊ အီးအီးစီနှင့် ယူရာတွမ်) ကိုတစ်ပေါင်းတစ်စည်းတည်းအဖြစ် အီးစီ (European Community) ဟု ရည်ညွန်းခေါ်ဝေါ်ခြင်းပြုခဲ့ကြသည်။
အီးအီးစီမှ အောက်ပါစာချုပ်ကိုလည်း ချုပ်ဆိုခဲ့သည်။
(က) ဥရောပအဖွဲ့များအတွက် တစ်ခုတည်းသောကောင်စီနှင့် တစ်ခုတည်းသော ကော်မရှင်တို့ကိုဖွဲ့စည်းတည်ထောင်သည့် စာချုပ် (၁၉၆၅ ခု၊ ဧပြီ၈ရက်နေ့တွင် မူလအဖွဲ့ဝင် ခြောက်နိုင်ငံတို့ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်။)
(ခ) ဥရောပအဖွဲ့များ၏ အချို့သော ဘဏ္ဍာရေးဆိုင်ရာအစီအစဉ်နှင့် ဥရောပအဖွဲ့များအတွက်တစ်ခုတည်းသောကောင်စီနှင့် တစ်ခုတည်းသော ကော်မရှင်တို့ကို ဖွဲ့စည်းတည်ထောင်သည့် စာချုပ်ပါအချို့သော ဘဏ္ဍာရေးအစီအစဉ်များကို ပြင်ဆင်သည့် သဘောတူစာချုပ်(၁၉၇ဝပြည့်၊ ဧပြီ ၂၂ရက်နေ့တွင် မူလအဖွဲ့ဝင် ခြောက်နိုင်ငံတို့ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်။)
တစ်ခုတည်းသော ဥရောပအက်ဥပဒေ ၁၉၅၈ ခုနှစ်၊ ရောမစာချုပ်အား ပြင်ဆင်မှုများပြုလုပ်ခဲ့ကြရာ ၎င်းပြင်ဆင်ချက်များကိုတစ်ခုတည်း သောဥရောပအက်ဥပဒေ ဟူသော ပုံစံဖြင့် ပြုလုပ်ခဲ့ကြသည်။ ယင်းအက်ဥပဒေကို အဖွဲ့ဝင်နိုင်ငံများအားလုံး က အတည်ပြုခဲ့ကြပြီးနောက် ထိုအက်ဥပဒေသည် ၁၉၈၇ခု၊ ဇူလိုင် ၁ ရက်နေ့တွင် တရားဝင်အတည်ဖြစ်လာ ခဲ့သည်။
အထက်ပါ အက်ဥပဒေ၌လည်း တစ်ခုတည်းသော(ဥရောပ) အဖွဲ့ဆိုင်ရာ ဈေးကွက်တစ်ခုဖန်တီးပြု လုပ်ခြင်းကို၁၉၉၂ ခုနှစ်တွင် အလုံးစုံ ပြီးမြောက်စေရန် ရည်ရွယ်သောပြဋ္ဌာန်းချက်များပါရှိသည်။ ယင်းဈေးကွက်မှာ အတွင်းနယ်နမိတ်များမရှိဘဲ ကုန်စည်များ၊လူများ၊ ဝန်ဆောင်မှုများနှင့် အရင်းအနှီးငွေများတကယ်တမ်း လွတ်လပ်စွာ လှုပ်ရှားသွားလာ နိုင်သောနယ်မြေဒေသတစ်ခု ဖြစ်ရပေမည်။ အခြားပြဋ္ဌာန်းချက်များအရ ဥရောပအဖွဲ့အတွင်း သုတေသနနှင့် နည်းပညာ၊ လူမှုရေးမူဝါဒ၊စီးပွားရေးနှင့် လူမှုရေးပေါင်းစည်းမှု၊ ပတ်ဝန်းကျင်ကာကွယ်ရေး၊စီးပွားရေး နှင့် ငွေရေးကြေးရေး သမဂ္ဂတည်ထောင်ဖန်တီးမှုနှင့် နိုင်ငံခြားရေးဝါဒတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်ကြရပေမည်။ ထို့အပြင် ၎င်းအက်ဥပဒေက ဥရောပပါလီမန်အား ဥပဒေများကို ဆိုင်းငံ့ထားနိုင်၍ ပြင်ဆင်နိုင်သော အာဏာများကို တိုးမြှင့်ပေးခဲ့သည်။ သို့သော် ဥရောပကောင်စီသည်သာလျှင် နောက်ဆုံးဆုံးဖြတ်ချက်ပြုနိုင်သော အခွင့်အာဏာကို ရရှိမြဲရရှိထားသည်။
ဥရောပပါလီမန်
ဥရောပအဖွဲ့အတွင်း ဥပဒေများပြုလုပ်ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းကိစ္စများကို ဆောင်ရွက်သည့် ဥရောပပါလီမန် လွှတ်တော်သည် လူဇင်ဘတ်နိုင်ငံရှိ လူဇင်ဘတ်မြို့တော်၌တည်ရှိ၍ ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပါလီမန်ဥက္ကဋ္ဌမှာဂျာမနီနိုင်ငံမှ မစ္စတာ အီဂွန်ကလယ်ပေ့ရှ်ဖြစ်သည်။ ယင်းပါလီမန်လွှတ်တော်တွင် အဖွဲ့ဝင် ကိုယ်စားလှယ်၅၆၇ ဦးပါဝင်ရာ ဂျာမနီနိုင်ငံမှ ၉၉ ဦး၊ ပြင်သစ်၊ အီတလီနှင့်ဗြိတိန်နိုင်ငံတို့မှ ၈၇ ဦးစီ၊ စပိန်နိုင်ငံမှ ၆၄ ဦး၊ နယ်သာလန်နိုင်ငံမှ ၃၁ ဦး၊ ဗဲလဂျီယံ၊ ဂရိ နှင့်ပေါ်တူဂီနိုင်ငံတို့မှ ၂၅ ဦးစီ၊ ဒိန်းမတ်နိုင်ငံမှ ၁၆ ဦး၊ အိုင်ယာလန်နိုင်ငံမှ ၁၅ ဦးနှင့်လူဇင်ဘတ်နိုင်ငံမှ ၆ ဦးတို့ဖြစ်သည်။ လွှတ်တော်အဖွဲ့ဝင်ကိုယ်စားလှယ် များကို အဖွဲ့ဝင် နိုင်ငံများ၏ ပြည်သူများကလူတိုင်းဆန္ဒမဲ ပေးနိုင်သည့်စနစ်ဖြင့် ရွေးကောက်တင်မြှောက်သည်။ ပါလီမန် အတွင်း၌အဖွဲ့ဝင်ကိုယ်စားလှယ်များသည် နိုင်ငံအလိုက်အဖွဲ့စုများအဖြစ် မထိုင်ကြဘဲ နိုင်ငံရေးအဖွဲ့စုများအဖြစ်သာ ထိုင်ကြသည်။
ဥရောပအဖွဲ့၏ ဆောင်ရွက်မှုများ
စိုက်ပျိုးရေးကဏ္ဍ
ဥရောပ အဖွဲ့အတွင်း ပူးပေါင်း ဆောင်ရွက်မှုသည် စိုက်ပျိုးရေးဘက်တွင် စနစ်အကျဆုံး အနေအထား ရှိသည်။ ဥရောပအဖွဲ့သည် ရောမစာချုပ်တွင် ဖော်ပြပါရှိသည့် ဘုံစိုက်ပျိုးရေးပေါ်လစီ (စီအေပီ)ကို လိုက်နာ ဆောင်ရွက်သည်။ အဖွဲ့သည် အခြေခံမူဝါဒသုံးရပ်ကို လိုက်နာကျင့်သုံး၍ စိုက်ပျိုးရေး ထွက်ကုန်များအတွက် ဈေးကွက်ကို တစ်စတစ်စ တိုးတက်ဖွဲ့စည်းခဲ့သည်။ ယင်းမူဝါဒများမှာ
(က) ဈေးကွက်အနေဖြင့် ညီညွတ်မှုမရှိခြင်း၊
(ခ) အဖွဲ့၏ စိတ်ကြိုက်ရွေးချယ်မှု (ကုန်ပစ္စည်းများကို တန်ဖိုးနည်းထည့်သွင်းကုန်များနှင့် ကမ္ဘာ့ဈေးကွက်တွင် ဈေးမတည်ငြိမ်မှုများမှ ကာကွယ်ပေးရမည်)၊
(ဂ) ဘဏ္ဍာရေးနှင့်ပတ်သက်၍ အားလုံးစုပေါင်းတာဝန်ယူခြင်း (ဥရောပတိုက်ဆိုင်ရာ စိုက်ပျိုးရေး လမ်းညွှန်မှုနှင့် အာမခံရေးရန်ပုံငွေတစ်ရပ် ဖွဲ့စည်းထားရှိဆောင်ရွက်သည်။ ကုန်စည်သိုလှောင်မှု ဆိုင်ရာ ကုန်ကျစရိတ်များ၊ ဈေးကွက်တင်သွင်းမှု ထောက်ပံကြေးများနှင့် ပို့ကုန်များအတွက် ပြန်အမ်းငွေများ စသည်တို့အတွက် ငွေကြေးထောက်ပံ့မှုများ
ပြုသည်။)
အထက်ဖော်ပြပါ ဘုံစိုက်ပျိုးရေး ပေါ်လစီ (စီအေပီ) အရ လုပ်ငန်းဆောင်ရွက်မှုများမှာ ၁၉၆၉ ခုနှစ်တွင် ငွေကြေးမတည်ငြိမ်မှုအခြေအနေကြောင့် အနှောက်အယှက်အခက်အခဲများနှင့်ကြုံတွေ့လာသည်။ထိုကြောင့် အမ်စီအေခေါ် ငွေကြေးဖြည့်တင်းပေးမှု ပမာဏများ ကို စီမံဖန်တီးလုပ်ဆောင်ခဲ့ကြသည်။ ဤစနစ်ဖြင့် လုပ်ဆောင်ရာ၌လည်း ဥရောပအဖွဲ့အတွင်း ဈေးနှုန်းကွာခြားမှုများ အကြီးအကျယ် ဖြစ်ပွားပေါ်ပေါက်ကာ အချို့နိုင်ငံများအတွက် အကျိုးထိခိုက်နစ်နာမှုများ ရှိလာသဖြင့် ၁၉၈၄ခုနှစ် တွင် အမ်စီအေစနစ်ကို တဖြည်းဖြည်းဖျက် သိမ်းပြီးတစ်ခုတည်းသောဈေးကွက် စနစ်ကို ပြန်လည်ဖော်ထုတ် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် ၁၉၈၉ ခုနှစ်တွင် ငွေကြေးများ ပိုမိုတည်ငြိမ်လာသည့် အလျောက် ဥရောပငွေကြေးစနစ်၏ တင်းပြည့်အဖွဲ့ဝင် နိုင်ငံများအတွက် အမ်စီအေ စနစ်ကို ဖျက်သိမ်းနိုင်ခဲ့သည်။
စိုက်ပျိုးရေး ထွက်ကုန်တန်ဖိုးများကို သဘောအားဖြင့်အဖွဲ့ဝင်နိုင်ငံများ အားလုံးအတွက် အားလုံးနှင့် ဆိုင်သောအဆင့်တစ်ခုတွင် နှစ်စဉ်သတ်မှတ်ကြသည်။ ဤသို့သတ်မှတ်ရာ၌ ငွေကြေးဖောင်းပွမှုနှုန်းနှင့်အချို့ သောကုန်ပစ္စည်းများအား လိုသည်ထက်ပို၍ ထုတ်ယူခြင်းကို အားမပေးရန် လိုအပ်မှုတို့ကို ထည့်သွင်းစဉ်းစားကာ လုပ်ဆောင်ကြသည်။ လယ်သမားများအား ကုန်စည်တင်ပို့ရေး ထောက်ပံ့ကြေးများပေးသည်။ ယင်းသို့ ပေးသည်မှာ လယ်သမားများအနေဖြင့် အရှုံးမရှိဘဲ ပိုမိုနိမ့်ကျသော ကမ္ဘာ့ဈေးကွက် ဈေးနှုန်းများဖြင့်ရောင်းချနိုင်စေရန် ဖြစ်သည်။ (စိုက်ပျိုးရေး အသုံးစရိတ်တွင် ၅ဝ ရာခိုင်နှုန်းခန့်မှာ ထိုအထောက်အပံ့ အတွက် အသုံးပြုကုန်ကျခြင်းဖြစ်သည်။)
အချို့သော နှံစား သီးနှံများ၊ သကြား၊ အချို့သော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ၊ နို့ထွက်ကုန် ပစ္စည်းများနှင့်အသားများ၏ ဈေးကွက် ဈေးနှုန်းများသည် သတ်မှတ်သည့်
အဆင့်အောက်သို့ ကျဆင်းသွားသည့်အခါတွင် ဥရောပအဖွဲ့က ဝင်ရောက်ဆောင်ရွက်သည်။ ဆောင်ရွက်ပုံမှာ ကုန်စည်ပမာဏအချို့ကိုဝယ် ယူကာ ဈေးနှုန်းများ ပြန်တက်လာသည့် အချိန်အထိ သိုလှောင်ထားရှိသည်။ ၁၉၈ဝ ပြည်နှစ်များတွင်ကုန်စည်များကို တိုးချဲ့ထုတ်လုပ်ခဲ့ကြရာ စားနပ် ရိက္ခာပိုလျှံမှုများ ဖြစ်ပွားကာ ထိန်းသိမ်းထားနိုင်ခြင်းမရှိသဖြင့် အမြောက်အမြား ဖျက်ဆီးပစ်ခဲ့ရပေသည်။
ဥရောပအဖွဲ့၏ ဘတ်ဂျက်တွင် နှစ်စဉ်အသုံးစရိတ်၏ ၃ ပုံ ၂ ပုံကို စိုက်ပျိုးရေးကဏ္ဍအတွက် အသုံးပြုကြသည်။ ၎င်းမှာ အဓိက အားဖြင့် ဈေးနှုန်းများကို ပံ့ပိုးပေးရန် အတွက်ဖြစ်သည်။
၁၉၉ဝ ပြည်နှစ်တွင် ဘုံစိုက်ပျိုးရေးပေါ်လစီ (စီအေပီ) သည် အကောက်ခွန်နှင့် ကုန်သွယ်ရေးဆိုင်ရာအထွေထွေသဘောတူညီမှု စာချုပ်အဖွဲ့ (ဂတ်အဖွဲ့) ၏ ဥရုဂွေးဝိုင်းညှိနှိုင်းစေ့စပ်မှုများတွင်တိုက်ခိုက် ပြောဆိုခြင်းခံခဲ့ရသည်။ အမေရိကန်ပြည်ထောင်စုအစိုးရက ဥရောပအဖွဲ့(အီးစီ)၏ စိုက်ပျိုးရေးနှင့်ကုန်စည်တင်ပို့မှုဆိုင်ရာထောက်ပံ့ကြေးများသည် ကမ္ဘာ့ဈေးကွက်များကို ကမောက်ကမ ဖြစ်စေသည်ဟူသောအကြောင်း ပြချက်ဖြင့် ၎င်းထောက်ပံ့ကြေးများကို အကြီးအကျယ်လျော့ချပေးရန် တောင်းဆို ခဲ့လေသည်။ထိုနှစ်နိုဝင်ဘာလတွင် ဥရောပအဖွဲ့၏ စိုက်ပျိုးရေးဝန်ကြီးများက ၁ဝ နှစ်တာကာလ အတွင်း စိုက်ပျိုးရေးထောက်ပံ့ကြေးများ ကို ၃ဝ ရာခိုင်နှုန်းလျှော့ချရန် ဥရောပကော်မရှင်၏အဆိုပြုချက်များကို သဘောတူလက်ခံခဲ့ကြသည်။
ထိုနောက် ၁၉၉၁ ခုနှစ်၊ မေလတွင် နှံစားသီးနှံများနှင့်
အခြားထွက်ကုန်များအတွက် ပံ့ပိုးမှုဈေးနှုန်း ကို လျှော့ချခဲ့ကြသည်။ ထိုနှစ်နောက်ပိုင်းတွင် ဥရောပကော်မရှင်က ဥရောပအဖွဲ့၏ စိုက်ပျိုးရေးထောက်ပံ့မှု များကို ဈေးနှုန်းများထိန်းထားရေးမှ
လယ်သမားများ၏ ဝင်ငွေများထိန်းပေးရေးသို့ ပြောင်းလဲစေရန်
ရည်ရွယ်ချက်ဖြင့် ရေရှည်ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန်
အဆိုပြု တင်ပြခဲ့သည်။ ဤသို့ပြောင်းလဲစေခြင်းဖြင့်လယ်သမား
များအတွက် လိုသည်ထက်ပို၍ ထုတ်လုပ်လိုသော ဆွဲဆောင်မှုနှင့် စိတ်ဆန္ဒများကင်းမဲ့မည်ဖြစ်သည်။ ယင်းအဆိုပြုချက်ကို
ဝန်ကြီးများက ၁၉၉၂ ခုနှစ်၊ မေလတွင် တစ်မျိုးတစ်ဖုံပြင်ဆင်ကာ လက်ခံအတည်ပြုခဲ့ကြသည်။ နှံစားသီးနှံများ၊ ကြက်ဘဲနှင့်
ကြက်ဥ၊ ဘဲဥ၊ အသားနှင့် နို့ထွက်ပစ္စည်းများ၏ ဈေးနှုန်းများကို
လျှော့ချခဲ့ကြရာ ဤနစ်နာမှုများအတွက် လယ်သမားများအား
အပိုခွင့်ပြုငွေများပေးခဲ့သည်။ ဤငွေများရရှိသူ လယ်သမားများ
က ၎င်းတို့၏ စိုက်ပျိုးမြေ ၁၅ ရာခိုင်နှုန်းကို စိုက်ပျိုးခြင်းမပြုဘဲ
ပလပ်ထားကြရသည်။
၁၉၉၂ခုနှစ်၊ မေလတွင် အမေရိကန်အစိုးရက ဥရောပ
အဖွဲ့(အီးစီ) မှ ဆီထွက်သီးနှံထုတ်လုပ်သူများအား ထောက်ပံ့
ကြေးများပေးခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် ဥရောပကုန်စည်
များအပေါ်တွင် သွင်းကုန် အကောက်ခွန်များ ကြီးမားစွာတိုးမြှင့်
ကောက်ခံမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ယင်းထောက်ပံ့ကြေးများ
ပေးခြင်းကြောင့် အမေရိကန်နိုင်ငံမှ ပဲပိစပ်တင်ပို့မှုများမှာ မတရား ယှဉ်ပြိုင်ခြင်းခံရကြောင်း အမေရိကန်အစိုးရက အကြောင်း
ပြခဲ့သည်။ အမေရိကန်အစိုးရ၏ ကြွေးကြော်မှုကြောင့် ကုန်သွယ်
ရေးစစ်ပွဲ တစ်ရပ်ဖြစ်ပွားတော့ မည်ကဲ့သို့သော အခြေအနေပေါ်
ပေါက်လာပြီး ဂတ်အဖွဲ့၏ စေ့စပ်ညှိနှိုင်းမှုများကို နိဂုံးကမ္ပတ်
အဆုံးမသတ်နိုင်မည့် အန္တရာယ်ရှိသည်ဟု စိုးရိမ်လာခဲ့ကြသည်။
ဤအခြေအနေမှာ ခြောက်လခန့်တည်ရှိနေပြီး နိုဝင်ဘာလတွင်မှ အမေရိကန်အစိုးရနှင့် ဥရောပကော် မရှင်တို့စပ်ကြား
သဘော တူညီမှုရရှိခဲ့ကြသည်။ အီးစီ၏ လယ်ယာမြေများတွင်
ပဲပိစပ် စိုက်ပျိုးမှု ဧရိယာလျှော့ချခြင်းကို အမေရိကန်တို့ကသဘောတူခဲ့သည်။ ထို့ပြင် ခြောက်နှစ်တာကာလတွင် ဥရောပအဖွဲ့
(အီးစီ)၏ ထောက်ပံ့ကြေးခံယူထုတ်လုပ်သော လယ်ထွက်ကုန်များတင်ပို့မှုကို ပမာဏဘက်တွင် ၂၁ ရာခိုင်နှုန်းနှင့် တန်ဖိုးဘက်တွင် ၃၆ ရာခိုင်နှုန်းလျှော့ချပေးမည့် အရေးကိုလည်းအမေရိကန်တို့က သဘောတူလက်ခံခဲ့ကြသည်။ ဤသဘောတူညီချက်
များသည် ၎င်း၏လယ်သမားများအား အကျိုးထိခိုက်နစ်နာစေ
သည်ဟုဆိုကာ ပြင်သစ် အစိုးရက ဆန့်ကျင်ခဲ့သည်။
၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ဂတ်အဖွဲ့၏ ဥရုဂွေးဝိုင်း
အောင်မြင်စွာ မပြီးဆုံးမီ နောက်ဆုံးမိနစ်ပိုင်း စေ့စပ်ညှိနှိုင်းမှုများ
ပြုလုပ်ခဲ့ကြစဉ် ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက အမေရိကန်
ပြည်ထောင်စုနှင့် အီးစီ တို့အကြား ကောက်ပဲသီးနှံ တင်ပို့မှု
ထောက်ပံ့ကြေးများနှင့် ပတ်သက်၍ရရှိခဲ့သော သဘောတူညီချက်တွင် အလျှော့အတင်းအချို့ ပြုလုပ်နိုင်ခဲ့ကြရာ ၎င်းသဘော
တူညီချက်သည် ဂတ်အဖွဲ့၏စိုက်ပျိုးရေး ဆိုင်ရာသဘောတူညီချက်အတွက် အခြေခံဖြစ်လာခဲ့သည်။
ဤ အတောအတွင်း ၁၉၉၂ ခုနှစ်၊ စက်တင်ဘာနှင့်
၁၉၉၃ ခုနှစ်၊ ဇူလိုင်လအကြားတွင် ငွေကြေးလဲလှယ်မှု နှုန်းများ
ကယောက်ကယက် ဖြစ်ခြင်းကြောင့် အီးစီအနေဖြင့် လယ်သမား
များအား ဈေးနှုန်းပံ့ပိုးမှုများ တိုးပေးခဲ့ရသည့် အပြင် ၁၉၉၃ ခု၊
စက်တင်ဘာလတွင် လယ်မြေများပလပ်ထားရသော လယ်မြေများ
အားပေးရသော လျော်ကြေးငွေကိုလည်း တိုးပေးခဲ့ရပေသည်။
ငါးဖမ်းလုပ်ငန်းကဏ္ဍ
အထူးသဖြင့် ငါးဖမ်းကွက်များသို့ ဝင်ရောက်ငါးဖမ်းခွင့်
ပြဿနာနှင့် ပတ်သက်၍ ခုနစ်နှစ်တာမျှ စေ့စပ်ဆွေးနွေး ခဲ့ကြပြီးသည့်နောက်တွင် အဖွဲ့ဝင်နိုင်ငံ အားလုံး ဆိုင်ရာ ဘုံငါးဖမ်း
ပေါ်လစီ (စီအက်ဖ်ပီ)သည် အတည်ဖြစ်လာခဲ့သည်။
၁၉၇၃ ခုနှစ်တွင် ဥရောပ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့်
ပင်လယ်ရေပြင်များ၌ ၎င်းတို့၏ကမ်းခြေများမှ ရေမိုင် ၆ မိုင်(၁၁
ဒသမ ၁ ကီလိုမီတာ) သို့မဟုတ် အချို့ကိစ္စများတွင် ၁၂ မိုင်
အထိ တစ်ဦးတည်းသီးသန့် ငါးဖမ်းခွင့်ဆိုင်ရာ သဘောတူညီ
ချက် ရရှိခဲ့ကြသည်။ ယင်း၏သက်တမ်းမှာ ၁ဝ နှစ်ရှိခဲ့သည်။
၁၉၈၃ ခုနှစ် တွင် မိုင် ၂ဝဝ ဇုန်ကိုအတည်ပြုသည့် သဘော
တူညီချက်တစ်ရပ် ရရှိခဲ့ကြသည်။ ဤသဘော တူညီချက်က
တစ်ဦးတည်းသီးသန့် အမျိုးသားနိုင်ငံတော်ဇုန်အဖြစ် ၆ မိုင်ကို
ခွင့်ပြုပြီး အခြားသော နိုင်ငံများအတွက် ၎င်းတို့၏ သီးခြား
သမိုင်းစဉ်လာပိုင်ခွင့် များအရ ကမ်းခြေမှ ၆ မိုင်မှ ၁၂ မိုင်
အတွင်းသွားလာဖမ်းဆီးခွင့်ကို ပေးခဲ့သည်။
ထိုအတောအတွင်း ၁၉၉ဝ ပြည့်နှစ်တွင် အီးစီနိုင်ငံ
များ၏ ရေပြင်များ၌ အချို့သောငါးမျိုးစိတ်များ စိုးရိမ်ဖွယ်ရာ
လျော့ပါးလာကြောင်း ထွက်ပေါ်လာသော သတင်းများအရ ဖမ်း
နိုင်သည့် ငါးဖမ်းပမာဏခွင့်ပြု ချက်များကို လျှော့ချရန် သဘော
တူညီခဲ့ကြသည်။ ဒေသအားလုံး၌ အထူးသဖြင့် မြောက်ပင်လယ်
ဒေသများ၌ တစ်လလျှင် ၈ ရက်မျှ ငါးဖမ်းဆီးခြင်းမပြုဘဲ နေရ
မည့် စည်းကမ်းချက်များကို ချမှတ်ခဲ့ကြသည်။ ၁၉၉၂ ခုနှစ်တွင်
မူ ငါးဖမ်းဆီးခြင်း မပြုရမည့် ကာလကို ဖေဖော်ဝါရီလမှ ဒီဇင်ဘာလများအတွင်း ၁၃၅ ရက်အထိ တိုးမြှင့်သတ်မှတ်ခဲ့ကြသည်။
၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဥရောပအဖွဲ့ (အီးစီ)
ဝန်ကြီးများက ဘုံငါးဖမ်းပေါ်လစီ (စီအက်ဖ်ပီ) ကို နောက်ထပ်
၁ဝနှစ် သက်တမ်းတိုးရန် သဘောတူညီခဲ့ကြသည်။
၁၉၉၃ ခု၊ ဖေဖော်ဝါရီလတွင် ဥရောပအဖွဲ့ဝင်နိုင်ငံများ၊
အထူးသဖြင့် ပြင်သစ်နိုင်ငံအတွင်းသို့ယင်း အဖွဲ့၏ ပြင်ပမှ ဈေး
ပေါသော ငါးဖြူများ ဒလဟောဝင်ရောက်လာခြင်းကို တန်ပြန်
လုပ်ဆောင်ထားသောအား ဖြင့် အီးစီးက အချို့သောငါးမျိုးများ
အပေါ် အနည်းဆုံး ဈေးနှုန်းများကို ချမှတ်ပြဋ္ဌာန်းခဲ့သည်။
အီးစီသည် ငါးဖမ်းခွင့်များ အပြန်အလှန် ပေးရေး
သဘောတူစာချုပ်များကို နော်ဝေး၊ ဆွီဒင်၊ကနေဒါ၊ အမေရိကန်
ပြည်ထောင်စု စသည့်အခြားနိုင်ငံများနှင့် အချို့သော အာဖရိက
နိုင်ငံများနှင့်ချုပ်ဆိုခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် အက်စ်တိုနီးယား၊
လတ်ဗီးယား၊ လစ်သူယေးနီးယား နိုင်ငံများနှင့် လည်းကောင်း၊
၁၉၉၃ ခုနှစ် တွင် မော်ရီတေးနီးယားနိုင်ငံနှင့်လည်းကောင်း၊ ငါး
ဖမ်းခွင့်သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ပေသည်။
စက်မှုလုပ်ငန်းကဏ္ဍ
စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုသည်
ဥရောပအဖွဲ့ အထူးသဖြင့်ဥရောပကျောက်မီးသွေး နှင့် သံမဏိ
အဖွဲ့ (အီးစီအက်စ်စီ) ၏ အစောဆုံးလုပ်ဆောင်လှုပ်ရှားမှု ဖြစ်
လာခဲ့ပေသည်။ အီးစီအက်စ်စီဆိုင် ရာစာချုပ်သည် ၁၉၅၂ ခု၊
ဇူလိုင်လတွင် တရားဝင်အတည်ဖြစ်လာပြီးနောက် ၁၉၅၄ ခုနှစ်
ကုန်ဆုံးချိန်တွင် ကျောက်မီးသွေးအမျိုးမျိုး၊ သံမဏိနှင့် သံအမျိုးမျိုး ရောင်းဝယ်မှုနှင့် ပတ်သက်သော အတားအဆီးအခက်အခဲ
အားလုံး လိုလိုပင် ရှင်းလင်းသွားခဲ့သည်။ ဥရောပအဖွဲ့က ဈေးနှုန်းများ သတ်မှတ်ခြင်း၊ ထုတ်လုပ်မှု အဆင့်များ ကြီးကြပ်ခြင်း၊
ချေးငွေများ ပေးကမ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် ပြန်လည် ဖွံ့ဖြိုးရေး
အစီအစဉ်များအား ကူညီခြင်းပြု လုပ်ခဲ့သည်။ အီးစီအက်စ်စီ
စာချုပ်သည် သက္ကရာဇ် ၂ဝဝ၂ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်
ဖြစ်ရာ ထိုအချိန် သို့ ကျရောက်သောအခါ အီးစီအက်စ်စီစာချုပ်
ပါ ပြဋ္ဌာန်းချက်များကို အီးအီးစီ (ဘုံဈေး) စာချုပ်တွင်ထည့်
သွင်းရန် ဥရောပ ကောင်စီက ၁၉၉၁ခုနှစ်တွင် သဘောတူညီခဲ့
သည်။
၁၉၇၇ မှ ၁၉၈ဝ ပြည်နှစ်များကာလတွင်း ကမ္ဘာတွင်
သံမဏိဝယ်လိုအား ထူးကဲစွာကျဆင်းခဲ့ခြင်း ကြောင့် သံမဏိ
လုပ်ငန်းကြီးအတွက် အနည်းဆုံးဈေးနှုန်းစည်းကမ်းချက်များနှင့်
မဖြစ်မနေလိုက်နာရသည့် ထုတ်လုပ်ရေး ပမာဏသတ်မှတ်ချက်
များ အပါအဝင် သံမဏိလုပ်ငန်းအတွက် စီမံချက်များကိုချမှတ်
ပြဋ္ဌာန်းခဲ့ကြသည်။ ထိုနောက် ၁၉၉၂ခု နိုဝင်ဘာလတွင် ဥရောပ
ကော်မရှင်က သံမဏိလုပ်ငန်းကို ထပ်မံပြုပြင်ဖွဲ့စည်းရေးအတွက်
သုံးနှစ်တာ အရေးပေါ် အစီအစဉ်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။
ဥရောပရက်ထည်နှင့် အဝတ်အထည်လုပ်ငန်းသည်
ကာလရှည်ကြာစွာ နိုင်ငံခြားပြိုင်ဆိုင်မှုများ၏ ဒဏ်ကိုပြင်းပြင်း
ထန်ထန် ခံစားခဲ့ရသည်။ ဥရောပအဖွဲ့သည် နိုင်ငံခြားမှတန်ဖိုး
နည်းပစ္စည်း ထုတ်လုပ်ရောင်း ချသူများထံမှ ကုန်တင်ပို့မှုများကို
ကန့်သတ်ရေးအတွက် အမ်အက်စ်အေ သဘောတူညီချက် ခေါ် အပြည်ပြည်ဆိုင်ရာ အထည်အလိပ်များ
ကုန်သွယ်ရေးအစီအစဉ်တွင် ပါဝင်လုပ်ဆောင်ခဲ့သည်။
ဥရောပအဖွဲ့၏သင်္ဘောတည်ဆောက်မှု လုပ်ငန်းတွင်
၁၉၇၆-၁၉၈ဝ ကာလအတွင်း ထုတ်လုပ်မှုတွင် ၅ဝ ရာခိုင်နှုန်း
ကျဆင်းခဲ့ပြီး အလုပ်သမားအင်အား ၄ဝ ရာခိုင်နှုန်း ဆုတ်ယုတ်
ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ဥရောပ ကောင်စီက သင်္ဘောတည်
ဆောက်ရေး လုပ်ငန်းအား ကူညီထောက်ပံ့ရေးအတွက် ဥပဒေညွှန်ကြားချက်ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ထိုနောက် ၁၉၈၆ နှင့်
၁၉၉ဝ ပြည့်နှစ် များတွင်လည်း ယင်းကူညီထောက်ပံ့မှု များနှင့်
ပတ်သက်၍ အလားတူညွှန်ကြားချက်များ ဆက်လက်ထုတ်ပြန်ခဲ့သည်။ သင်္ဘောတည်ဆောက်မှုအတွက် နိုင်ငံတော်မှ ကူညီ
ထောက်ပံ့ရာ၌ အများဆုံးခွင့်ပြုသည့် ရာခိုင်နှုန်းကို ၁၉၈၇ ခုနှစ်
တွင်သင်္ဘောတစ်စင်း၏ တန်ဖိုးတွင် ၂၈ ရာခိုင်နှုန်း မှ ၁၉၉၂ ခု
နှစ်တွင် ၉ ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပေသည်။
ဆက်သွယ်ပြန်ကြားရေး နည်းပညာလုပ်ငန်းတွင် ဂျပန်
နှင့် အမေရိကန် ပြည်ထောင်စုတို့က ၎င်းတို့ ၏တိုးတက်သော
အီလက်ထရွန်းနစ် ပစ္စည်းကိရိယာများဖြင့် ဈေးကွက်တွင် လွှမ်းမိုးနေကြခြင်းကို ထောက်ရှု ၍ ဥရောပကော်မရှင်က ဤလုပ်ငန်း
တွင် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် အတူတကွတွဲဖက်ပေါင်းစပ်လုပ်ဆောင်ရေး မဟာဗျူဟာတစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရန်
အဆိုပြုချက် အများအပြား ပြုလုပ်ခဲ့သည်။ အက်စ်ပရစ်
ခေါ် ဥရောပဆက်သွယ်ပြန်ကြားရေး သုတေသန
မဟာဗျူဟာ အစီအစဉ်မှာ အဘက်ဘက်တွင် အလုံးစုံယှဉ်ပြိုင်
နိုင်သော ဥရောပစက်မှုလုပ်ငန်းမျိုးအတွက် နည်းပညာ အခြေခံ
အုတ်မြစ်များ တည်ဆောက်ချထားရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်
သည်။ ၁၉၈၉ခုနှစ်တွင် (တယ်လီဖုန်း ဆက်သွယ်မှုနှင့် တယ်လက်စ်ဆက်သွယ်မှုတို့မှတပါး ) ကြေးနန်းဆက်သွယ်ရေး
ဝန်ဆောင်မှုလုပ်ငန်းတွင် ဈေးကွက်ကို ဖွင့်ပေးရန် ဝန်ကြီးများက သဘောတူညီခဲ့ကြသည်။
အဖွဲ့ဝင်နိုင်ငံအားလုံးနှင့်သက်ဆိုင်သည့် ဘုံပို့ဆောင်ရေး
ပေါ်လစီတစ်ရပ် ချမှတ်ထားရှိရေးကို ရောမစာချုပ်တွင် ဖော်ညွှန်း
ပြဋ္ဌာန်းထားရှိသည်။ ရည်ရွယ်ချက်မှာ ဥရောပအဖွဲ့အတွင်း ယာဉ်ရထားများလွတ်လပ်စွာ သွားလာမှုကို တားဆီးပိတ်ပင်သည့် နိုင်ငံ
အသီးသီးတို့၏ စည်းမျဉ်း ဥပဒေများကို ညီညွတ်မှု ရရှိစေရန်
တဖြည်းဖြည်း စံချလုပ်ဆောင်ကြရန် ဖြစ်သည်။
ဥရောပအဖွဲ့ဝင်နိုင်ငံများ၏ နယ်ခြားများတွင် အကောက်ခွန်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို ဖျက်သိမ်းရေး စီမံဆောင်ရွက်ချက်များမှာ ၁၉၉၁ ခုနှစ် နှစ်လယ်တွင် ပြီးဆုံး၍ ၁၉၉၃ ခု၊
ဇန်နဝါရီလအစပိုင်း တွင် အာဏာသက်ဝင်လာခဲ့သည်။ သို့ဖြစ်
စေကာမူ လူများလွတ်လပ်စွာ ကူးသန်းသွားလာရေးနျင့်ပတ်သက်၍မူ ဥရောပအဖွဲ့ဝင် အစိုးရများစပ်ကြား၌ သဘောကွဲလွဲမှုများ
ရှိနေဆဲဖြစ်သည်။ ဤသို့ ဖြစ်ရခြင်းမှာလည်း နယ်ခြားများအား
စနစ်တကျ ဂိုဏ်းဖွဲ့ရာဇဝတ်မှုကျုးလွန်ကြသူ လူဆိုးလူပျက်များ
က တံခါးမရှိ ဓားမရှိအလွဲ သုံးစား ပြုကြခြင်း၊ အထူးသဖြင့်
မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ရေးအတွက် အလွဲသုံးစား
ပြုခြင်း၊ ရာဇဝတ်သားများ လဲလှယ်ရေး နည်းလမ်းစဉ်များနှင့်
ခိုလှုံခွင့် တောင်းခံမှုနှင့် လူဝင်လူထွက် ကိစ္စများဆိုင်ရာ စည်း
မျဉ်းဥပဒေများ စသည်တို့နှင့် ပတ်သက်သည့် ပြဿနာများရှိခြင်းကြောင့်ဖြစ်ပေသည်။
၁၉၉၃ ခုနှစ်နှောင်းပိုင်းတွင် ဥရောပအဖွဲ့ဝင် ကိုးနိုင်ငံတို့က နယ်ခြားများ၌ လူများလွတ်လပ်စွာ ဝင်ထွက်သွားလာကူးသန်းမှုကို ထိန်းချုပ်ထားသော စည်းမျဉ်းစည်းကမ်းများအား ဖျက်သိမ်းသည့် ရှင်ဂန်း သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဒိန်းမတ်၊ အိုင်ယာလန်နှင့် ဗြိတိန်နိုင်ငံတို့က ရှင်ဂန်းအဖွဲ့ တွင် မပါဝင်ဘဲနေခဲ့ကြသည်။
ဤကဏ္ဍတွင် အခြားဖြစ်ရပ်များမှာ ၁၉၈၆ ခုနှစ်တွင် ပို့ဆောင်ရေးဝန်ကြီးများက ကူးသန်းရောင်းဝယ်ရေး/ကုန်သွယ်ရေးယာဉ်များအဖို့ နယ်ခြားများကို ပိုမိုလွယ်ကူစွာ ဖြတ်သန်း သွားလာနိုင်ရေးအတွက် ဥရောပအဖွဲ့
တစ်ဖွဲ့လုံးနှင့်အမျှ ကျယ်ပြန့်သောခွင့်ပြုချက် ပါမစ်လက်မှတ်
များထုတ်ပေးရေး စနစ်တစ်ရပ်ကို သဘောတူညီခဲ့ကြသည်။
အီးစီလမ်းမကြီး များကို အသုံးပြုသည့် ထရပ်ကားများအတွက်
အားလုံးနှင့်သက်ဆိုင်သော အခွန်အခပေးရေးစနစ် တစ်ရပ်ကိုလည်းပြုလုပ်ခဲ့ကြသည်။
၁၉၈၇ ခုနှစ်တွင် ပို့ဆောင်ရေးဝန်ကြီးများက လေကြောင်းပို့ဆောင်ရေးကို လွတ်လပ်စွာပြုလုပ်နိုင်ရန် ဖွင့်ပေးသည့်
သဘောတူညီချက်တစ်ရပ်ကိုရရှိခဲ့ကြသည်။ ၁၉၈၉ ခုနှစ်တွင်
လေယာဉ် ပျံသန်းမှုများထူထပ် ပြည့်ကျပ်ခြင်းကို လျော့နည်း
ကျဆင်းစေမည့် အစီအမံများ ကိုချမှတ်ခဲ့ကြသည်။ ထို့အပြင်
လေယာဉ်ဖြင့်ကုန်စည်များသယ်ယူပို့ဆောင်သည့် ဝန်ဆောင်မှုလုပ်ငန်းအား လွတ်လပ်စွာ ပြုလုပ်နိုင်ရန် ဖွင့်ပေးခြင်းအပါအဝင်
အခြား အစီအမံများကို ဝန်ကြီးများက ၁၉၉ဝ ပြည့်နှစ်တွင်
သဘောတူညီခဲ့ကြသည်။ ၁၉၉၂ ခုနှစ်တွင် ဝန်ကြီးများက
ကောင်းကင်တစ်ခွင်ဟင်းလင်းပြင် အစီအစဉ်
တစ်ရပ်ကို သဘောတူညီခဲ့ကြသည်။ ဤအစီအစဉ်အရ မည်
သည့်ဥရောပအဖွဲ့ လေကြောင်းပျံသန်းမှုမဆို အခြားအဖွဲ့ဝင်
နိုင်ငံတစ်နိုင်ငံ၏ပြည်တွင်း ခရီးစဉ်များကို ပျံသန်းမှုရရှိမည်
ဖြစ်သည်။ (၁၉၉၇ ခု၊ ဧပြီ ၁ ရက်နေ့တွင် စတင်ပြုလုပ်ရန်
ဖြစ်သည်။)
၁၉၉၈ ခုနှစ်တွင် ဥရောပအဖွဲ့ဝင် နိုင်ငံအားလုံးနှင့်
သက်ဆိုင်သည့် ဘုံရေကြောင်းပို့ဆောင်ရေးပေါ်လစီတစ်ရပ် ချမှတ်ရေးအတွက် တိုးတက်မှုရရှိခဲ့ကြသည်။ ၁၉၈၉ ခုနှစ်တွင်
ဥရောပ ကော်မရှင်က ဥရောပအဖွဲ့ ဆိုင်ရာ သင်္ဘောများအား
မှတ်ပုံတင်မှုပြုလုပ်ပေးရေး အစီအစဉ်တစ်ရပ် ချမှတ်လုပ်ဆောင်
ရန်အဆိုပြုတင်ပြခဲ့သည်။ ထို့အပြင်သင်္ဘောကုမ္ပဏီများအနေဖြင့်
ဥရောပအဖွဲ့နယ်ပယ်အတွင်း မည်သည့်နေရာ၌မဆို ရေကြောင်း
ပို့ဆောင်မှု ပြုလုပ်ပေးနိုင်သည့် လွတ်လပ်ခွင့်ရှိရေးအတွက်လည်း
အဆိုပြုတင်ပြခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ဥရောပကောင်စီက
ပင်လယ်ရေကြောင်းသွားလာမှု အန္တရာယ်ကင်းရှင်း လုံခြုံရေး
အတွက် ညွှန်ကြားချက်များ မူကြမ်းနှစ်စောင်ကို သဘောတူ
အတည်ပြုခဲ့သည်။
မီးရထားလမ်းများ ဆက်သွယ်ခုတ်မောင်းသွားလာမှုများနှင့် ပတ်သက်၍လည်း ဥရောပကော်မရှင်က ၁၉၈၉ ခုနှစ်တွင် ရထား သံလမ်းများ နှစ်ဖက်နှစ်ချောင်း အကွာအဝေး
စံနှုန်းများနှင့် အချက်ပေး စနစ်များကို စံတစ်မျိုး
တည်းဖြင့် ထားရှိလုပ်ဆောင်ကြရေးစသည့် စက်မှုပညာပိုင်းတွင်
ညီညွတ်မှုများရှိရေး အပါအဝင် ပိုမိုပေါင်းစပ်ဖွဲ့စည်းမှုများ ရရှိ
စေမည့် မီးရထားပေါ်လစီတစ်ရပ် ချမှတ်ရေးအတွက် အဆိုပြု
ချက် များကိုသဘောတူအတည်ပြုခဲ့သည်။ ထိုနောက် ၁၉၉ဝ
ပြည့်နှစ်တွင် ၎င်းကော်မရှင်က ဥရောပတစ်ခွင်အရှိန် အဟုန်ကြီးမားသည့်အထူးအမြန်ရထားများ ခုတ်မောင်းသွားလာရေးအတွက်
ရထားလမ်းများဆက်သွယ်ဖောက် လုပ်ရေး မူလပင်မစီမံကိန်းကြီး
တစ်ရပ်ကို အကြမ်းရေးဆွဲပြုလုပ်ခဲ့ပေသည်။
စွမ်းအင်ကဏ္ဍ
ယူရာတွမ် ခေါ် ဥရောပစွမ်းအင်အဖွဲ့
ကို ဖွဲ့စည်းတည်ထောင်သည့် စာချုပ်သည် ၁၉၅၈ ခု၊ ဇန်နဝါရီ
၁ ရက်နေ့တွင် တရားဝင် အတည်ဖြစ်လာခဲ့သည်။ ယင်း၏
ရည်ရွယ်ချက်မှာ ဥရောပ အဖွဲ့အတွင်း နျူကလီးယားစွမ်းအင်
စက်မှုလုပ်ငန်းကို နည်းအဖုံဖုံဖြင့် တိုးတက်ကြီးထွားလာစေရေး
အတွက် အားပေး အားမြှောက်ပြုရန် ဖြစ်သည်။ နျူကလီးယား
ပစ္စည်းများအတွက် ဘုံဈေးတစ်ခုကို ၁၉၅၉ ခုနှစ်တွင် တည်
ထောင် ဖန်တီးခဲ့ကြသည်။ နျူကလီးယား အန္တရာယ်ကင်း လုံခြုံရေးနှင့်ထိန်းချုပ်ရေး ဆိုင်ရာသုတေသန ပူးပေါင်းဆောင်ရွက်မှု
အတွက် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီအဖွဲ့
(အိုင်အေအီးအေ)နှင့် ချုပ် ဆိုသောစာချုပ်သည် ၁၉၇၇ ခုနှစ်
တွင် တရားဝင် အတည်ဖြစ်လာခဲ့သည်။
၁၉၈၆ ခုနှစ်တွင် ဥရောပကောင်စီက ၁၉၈၆-၉၅
ဆယ်ခုနှစ်အတွက် စွမ်းအင်ဆိုင်ရာရည်ရွယ်ချက် များကို ချမှတ်
ခဲ့သည်။ ယင်းရည်ရွယ်ချက်များမှာ ဥရောပအဖွဲ့အနေဖြင့် ရေနံ
အပေါ် အားထားနေရမှုကိုစွမ်း အင်အသုံးပြုမှု၏ ၄ဝ ရာခိုင်နှုန်း
အထိ ထိန်းချုပ်ထားရန် အတွက်လည်းကောင်း၊ အသားတင်ရေနံ
ဝယ်ယူတင် သွင်းမှုများကို စွမ်းအင်အသုံးပြုမှု၏ ၃ဝ ရာခိုင်နှုန်း
အထိ၌သာ ထိန်းချုပ်ထားရှိရန် အတွက်လည်းကောင်း ဖြစ်ပေ
သည်။ ရည်မှန်းချက်တစ်ရပ်မှာ စွမ်းအင်သယံဇာတအသစ်များနှင့်
အသစ်တစ်ဖန် ပြန်လည်ထုတ်လုပ်နိုင်သော စွမ်းအင်သယံဇာတ
များ (ဥပမာအားဖြင့် လေအား၊နေပူအား၊ ဟင်းသီးဟင်းရွက်ဆီ
နှင့် ဇီဝအညစ်အကြေးများ)ကို တိုးတက် အသုံးပြုနိုင်ရန်ဖြစ်
သည်။ စွမ်းအင်ကဏ္ဍတွင် နည်းပညာသစ်များ ဖော်ထုတ်နိုင်ရန်
အလို့ငှာ ၁၉၉၃ ခုနှစ်-နှစ်ဝက်ပိုင်းတွင် တီထွင်မှုသဘောရှိသော
စွမ်းအင်စီမံချက် ၅၂၈ အတွက်ဥရောပငွေကြေး အီးစီးယူ ၄၁၅
သန်းကျော်မျှ ထောက်ပံ့ရန်လျာထားခဲ့သည်။
၁၉၉ဝ ပြည့်နှစ်၊ အောက်တိုဘာလတွင် ဥရောပကောင်စီအနေဖြင့် မှန်လုံအိမ်အာနိသင်ဖြင့်ရာသီဥတုကိုပြောင်းလဲစေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ထုတ်လွှတ်မှုများကို သက္ကရာဇ်
၂ဝဝဝ အရောက်တွင်၁၉၉ဝ ပြည့်နှစ်အဆင့်တွင် တည်တည်တံ့တံ့ထားရှိရန် သဘောတူညီခဲ့ကြသည်။ ၁၉၉၃၊ ဇွန်လတွင်လည်း
ဤကိစ္စနှင့် ပတ်သက်၍ ကာဗွန်ဓာတ်ထုတ်လွှတ်မှု လျော့နည်းရေးအတွက်အစီအစဉ်သစ်နှစ်ရပ်ကို ဝန်ကြီးများကအတည် ပြုခဲ့
ကြသည်။
သိပ္ပံနှင့် နည်းပညာကဏ္ဍ
၁၉၈၇ ခု၊ ဇူလိုင်လတွင် စတင်အတည်ဖြစ်လာခဲ့သည့်
ရောမစာချုပ်တွင် ပြင်ဆင်မှုများပြုလုပ်ရာ၌ သိပ္ပံနှင့်နည်းပညာ
ဆိုင်ရာ ကဏ္ဍတစ်ရပ်ကို ပထမဆုံးအကြိမ် ထည့်သွင်းခဲ့ကြသည်။ ဤကဏ္ဍတွင် ဥရောပ အဖွဲ့အတွင်း ဤအရေးကိစ္စ၌
ပူးပေါင်းဆောင်ရွက်ရမည့် အတိုင်းအတာကို သတ်မှတ်ဖော်ပြ
ထားသည်။ ၁၉၉ဝ - ၉၄ ကာလအတွင်း သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးအား ထောက်ပံ့ရေးအစီးအစဉ်အတွက် ဥရောပငွေကြေး အီးစီယူသန်း ၆,၆ဝဝ သတ်မှတ်ပေးထားသည်။
ဥရောပအဖွဲ့ပိုင် ပူးတွဲသုတေသနဗဟိုဌာန (ဂျေအာရ်စ်)
ကို ၁၉၈၉ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့ရာ အီတလီ၊ ဗဲလဂျီယံ၊
ဂျာမနီနှင့် နယ်သာလန်နိုင်ငံများတွင် အခြေစိုက်သည့် ဌာနရှစ်ခု
ပါဝင်ပေသည်။
ဥရောပဆက်သွယ်ပြန်ကြားရေး သုတေသနမဟာဗျူဟာ
အစီအစဉ် (အက်စ်ပရစ်) ကို ၁၉၈၄ခုနှစ် တွင်စတင်တည်ထောင်
ဖွင့်လှစ်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ဥရောပအဖွဲ့က ဥရောပတိုက်တွင် တိုးတက်သော ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေး
အတွက်တွဲဖက်သုတေသန အစီအစဉ်တစ်ရပ်ကိုစတင်ဖော်ဆောင်
လုပ်ကိုင်ခဲ့သည်။
စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းတို့တွင် ခေတ်မီဇီဝဗေဒ
အသုံးပြုမှုကို တိုးတက်မြှင့်တင်ပေးရန်ရည် ရွယ်ချက်ဖြင့်ဥရောပ
အဖွဲ့က ဇီဝနည်းပညာသုတေသနလုပ်ငန်းကို အားပေးထောက်ပံ့သည်။ ၁၉၉ဝ-၉၄ ကာလ အတွင်း ဇီဝနည်းပညာ အစီအစဉ် ၌ ၁၉၉၂ ခုနှစ် ကုန်ဆုံးချိန်တွင် သုတေသနအဖွဲ့
၅၇၉ ဖွဲ့တို့က စီမံချက် ၇၆ ခုကိုဆောင်ရွက်လျက်ရှိကြသည်။
ဇီဝနည်းပညာပေါ်တွင်အခြေပြုသည့် အီကလဲယား
အစီအစဉ်ခေါ် စိုက်ပျိုး-စက်မှုသုတေသနလုပ်ငန်းကို ဘတ်ဂျက်
ရန်ပုံငွေ ဥရောပငွေကြေး အီးစီယူသန်း ၆ဝ ဖြင့် ၁၉၈၉-၉၃
ကာလအတွင်း ဆောင်ရွက်ခဲ့ကြသည်။ အစားအစာ သိပ္ပံနှင့်
နည်းပညာနှင့် ပတ်သက်သည့် ဖလဲယား အစီအစဉ်ခေါ် သုတေသနလုပ်ငန်းကိုလည်း အထက်ပါ ကာလအတွင်း၌
လုပ်ကိုင်ခဲ့ကြသည်။
စိုက်ပျိုးရေးနှင့် စိုက်ပျိုး-စက်မှုလုပ်ငန်းအတွက် သုတေသနနှင့် တိုးတက်ဖွံ့ဖြိုးရေး အစိအစဉ်သစ် တစ်ရပ်ကို ၁၉၉၁ - ၉၄ ကာလအတွက် ရန်ပုံငွေ အီးစီယူ ၃၃၃ သန်းဖြင့် အတည်ပြုခဲ့ကြသည်။ ဇီဝဆေးဝါး နှင့် ကျန်းမာရေးဆိုင်ရာ သုတေသန
လုပ်ငန်း အစီအစဉ်တစ်ရပ်ကို ၁၉၉ဝ-၉၄ ကာလအတွင်း အီးစီယူ ၁၃၃ သန်း သုံးလုပ်ဆောင်ရန် အတည်ပြုခဲ့သည်။
၁၉၈၅ ခုနှစ်တွင် ဥရောပကောင်စီက စက်မှုလုပ်ငန်းဆိုင်ရာ နည်းပညာများ၊ လေယာဉ်ပညာ၊ ဓာတု ပစ္စည်းများ၊
အထည်အလိပ်များနှင့် သတ္တုလုပ်ငန်းများ စသည့်လက်ရှိ စက်မှုလုပ်ငန်းများ အကျိုးအတွက် နည်းလမ်းသစ်များ ဖန်တီးဖော်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် စက်မှုလုပ်ငန်းနည်းပညာများတွင်
အခြေခံသုတေသနပြုမှုများ လုပ်ဆောင်ရန်အစီအစဉ်တစ်ရပ်ကို
အတည်ပြုခဲ့သည်။
ဥရောပအဖွဲ့(အီးစီ)သည် နှစ်နိုင်ငံချင်း သုတေသနစီမံ
ချက်များတွင် အဖွဲ့ဝင်မဟုတ်သော နိုင်ငံများ (အထူးသဖြင့်
အက်ဖ်တာခေါ် ဥရောပလွတ်လပ်စွာ ကုန်သွယ်ရေး အသင်းဝင်နိုင်ငံများ) နှင့်ပူးပေါင်းဆောင်ရွက်သည်။ ဤတွင် ၁၉၉ဝ - ၉၄ ကာလအတွင်း ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများ
နှင့် သိပ္ပံပညာ နှင့်စက်မှုပညာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်
တွင် ၁၉၉၂ ခုနှစ်အတွက် အီးစီယူ ၅၅ သန်းမျှ သုံးစွဲလုပ်
ဆောင်ရန် လျာထားသတ်မှတ်ခဲ့ပေသည်။
ဥရောပအဖွဲ့ (အီးစီ) တစ်ဖြစ်လဲ ဥရောပသမဂ္ဂ (အီးယူ) မော့စ်ထရစ်စာချုပ်
ဥရောပဘုံဈေး (အီးစီ) ကို ရောမစာချုပ်ဖြင့် ၁၉၈၅
ခုနှစ်တွင် စတင်တည်ထောင်ပြီးနောက်စာချုပ်ဝင် ဥရောပနိုင်ငံ
များ၏ အစုအသင်းဘုံဈေး (အီးအီးစီ)နှင့် ဥရောပအဖွဲ့ (အီးစီ)
ဟုအလဲအလှယ် ခေါ်ဝေါ်ခဲ့ကြသည့်အပြင် တစ်ခါတစ်ရံ၌
ဥရောပသမဂ္ဂ(အီးယူ) ဟူ၍ပင် အလွတ်သဘော သုံးနှုန်း
ခေါ်ဝေါ်လာခဲ့ကြသည်။
အထက်နောက်ဆုံးအခေါ်ဝေါ်မှာ ပိုမိုတွင်ကျယ်လာခဲ့ရာ
ဥရောပစာချုပ်၏ အဝန်းအတားကိုထပ်မံ ပြင်ဆင်တိုးချဲ့သည့်
စာချုပ်တစ်ရပ်ကို ဥရောပအဖွဲ့၏ အစိုးရ ခေါင်းဆောင်များက
၁၉၉၁ ခု၊ဒီဇင်ဘာလတွင် နယ်သာလန်နိုင်ငံ၊ မော့စ်ထရစ်မြို့တွင်
သဘောတူအတည်ပြုခဲ့ကြသည်။ ၁၉၉၂ ခု၊ ဖေဖော်ဝါရီလတွင်
လက်မှတ်ရေးထိုးခဲ့ကြသည်။ ၁၉၉၃ ခု၊ အောက်တိုဘာလတွင်
အဖွဲ့ဝင်နိုင်ငံအားလုံးမှ အတည်ပြုခဲ့ကြသည်။ ၎င်း စာချုပ်သည်
၁၉၉၃ ခု၊ နိုဝင်ဘာ ၁ ရက်နေ့တွင် တရားဝင်အတည်ဖြစ်လာခဲ့သည်။ ဤစာချုပ်ဖြင့်စာချုပ် ဝင်နိုင်ငံများက ၎င်းတို့အားလုံး
အတွက် ဥရောပသမဂ္ဂ (အီးယူ) ကိုဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ (ဤစာချုပ်ကို မော့စ်ထရစ် စာချုပ်ဟု ခေါ်ဝေါ်ခဲ့ကြသည်။)
ထိုနောက်အထက်ပါ စာချုပ်ဆိုင်ရာ အခြေပြစာချုပ်
တစ်ရပ်ကို အတည်ပြုခဲ့ကြပြီး ၁၉၈၉ ခုနှစ်လူမှုရေး ပဋိညာဉ်
စာတမ်းပေါ်အခြေခံသည့် လူမှုရေးပေါ်လစီနှင့်ပတ်သက်သော
သီးခြားစာချုပ်ကိုဗြိတိန်နိုင်ငံမှတစ်ပါး အဖွဲ့ဝင်နိုင်ငံအားလုံးက
လက်မှတ်ရေးထိုးခဲ့ကြသည်။
ဤစာချုပ်သည် ဥရောပပြည်သူများစပ်ကြား ပိုမိုရင်ကြားစေ့စေသော သမဂ္ဂတစ်ခုဖန်တီးရေးဖြစ်စဉ်၌ မှတ်တိုင်သစ်
တစ်ခုကို စိုက်ထူလိုက်ခြင်း ဖြစ်သည်။ ဤသမဂ္ဂ အတွင်း၌
ဆုံးဖြတ်ချက်များကို ဥရောပပြည်သူများ ကိုယ်တိုင်ဖြစ်နိုင်သမျှ
ဆုံးဖြတ်ရမည့် အခြေအနေမျိုး ဖြစ်ပေါ်တည်ရှိ လာပါသည်။
ယင်း၏လုပ်ငန်းတာဝန် မှာအဖွဲ့ဝင်နိုင်ငံများ စပ်ကြား၌သော်လည်းကောင်း၊ ပြည်သူများစပ်ကြား၌သော်လည်းကောင်း
ဆက်ဆံရေးများကို ညီညွတ်ပေါင်းစည်းမှု သရုပ်ထင်စေမည့်
ပုံစံဖြင့် စည်းရုံးစီစဉ်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း စာချုပ်က
လမ်းညွှန်မှုပေးထားသည်။
ဥရောပသမဂ္ဂသို့အဖွဲ့ဝင်အဖြစ်ပါဝင်ရေး
ဥရောပသမဂ္ဂတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရေးအတွက် ဩစတြီးယား၊ ဖင်လန်၊ နော်ဝေးနှင့် ဆွီဒင်နိုင်ငံများနှင့် အလေးအနက်ပြုလုပ်သော စေ့စပ်ဆွေးနွေးမှုများသည်
၁၉၉၄ ခုနှစ်၊ မတ်လအတွင်းပြီးဆုံးသွားခဲ့သည်။ ယင်းဆွေးနွေး
မှုများမှာ ၁၉၉၃ ခုနှစ် ပထမလေးလပတ်တွင် စတင်ခဲ့ခြင်းဖြစ်
သည်။ ယင်း လေးနိုင်ငံစလုံးပင် အဖွဲ့ဝင်ခုနှစ်နိုင်ငံဖြင့် ဖွဲ့စည်း
ထားသည့် လွတ်လပ်သော ဥရောပစီးပွားရေးနယ်ပယ်တွင် အဖွဲ့ဝင်များအဖြစ် ပါဝင်ကြသည်။ ထို့အပြင် ဥရောပစီးပွားရေးနယ်ပယ် (အီးအီးအေ) တွင်လည်းအစိတ်အပိုင်းတစ်ရပ်အဖြစ်
ပါဝင်ကြသည်။
နော်ဝေးနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂတွင်ပါဝင်ရေး
အတွက် ပြည်သူ့ဆန္ဒခံယူပွဲ တစ်ရပ်ကို ၁၉၉၄ခု၊ နိုဝင်ဘာ ၂၈
ရက်နေ့တွင် နော်ဝေးနိုင်ငံ၌ ကျင်းပခဲ့ရာ၊ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ
၈၈ ရာခိုင်နှုန်းတို့ကမဲပေးခဲ့ကြပြီး သဘောမတူကန့်ကွက်သူ
၅၂ ဒသမ ၂ ရာခိုင်နှုန်းနှင့် သဘောတူလက်ခံသူ ၄၇ ဒသမ ၈
ရာခိုင်နှုန်းဖြင့် ပယ်ချခဲ့သည်။ မဲဆန္ဒမပေးမီ ရက်သတ္တပတ်
ပေါင်းများစွာကြာမျှ ပြင်းထန်စွာငြင်းခုံပြောဆို မဲဆွယ်ခဲ့ကြသည်။
အခြားမျက်နှာစာ တစ်ရပ်မှာ ယခင်က ဆိုဗီယက်
ပြည်ထောင်စု၏ အပေါင်းအပါများ ဖြစ်ခဲ့သော အရှေ့ဥရောပ
နိုင်ငံများက အီးစီ/အီးယူတို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လိုသော
ဆန္ဒရှိလာကြခြင်းပင်ဖြစ်သည်။ ဟန်ဂေရီနှင့်ပိုလန်နိုင်ငံတို့သည်
ဥရောပသမဂ္ဂတွင် အဖွဲ့ဝင်ဖြစ်ရန် ပထမဆုံးလျှောက်ထားခဲ့ကြသည့် ယခင်ကွန်မြူနစ် နိုင်ငံများဖြစ်လာခဲ့ကြသည်။ ဟန်ဂေရီက
၁၉၉၄ ခု၊ ဧပြီ ၁ ရက်နေ့နှင့် ပိုလန်က ဧပြီ ၈ ရက်နေ့တွင်အဆိုပြုခဲ့ခြင်းဖြစ်သည်။ မည်သည့်အချိန်တွင် အဖွဲ့ဝင်ခွင့်ရမည်ကို
အနောက်ဥရောပအဖွဲ့အစည်းများက ပြောကြားခြင်းမရှိသဖြင့်
ပိုလန်၊ ဟန်ဂေရီနှင့် အခြားနိုင်ငံများက စိတ်မချမ်းမသာ ဖြစ်နေကြောင်း ၁၉၉၄ ခု၊ နိုဝင်ဘာကုန်ပိုင်းတွင် သတင်းများထွက်ပေါ်လာခဲ့သည်။
ဤအတောအတွင်း ၁၉၉၄ ခု၊ မတ်လ ၂၃ ရက်နေ့
တွင် ဥရောပသမဂ္ဂနှင့် ယူကရိန်းနိုင်ငံတို့သည် အကျိုးတူတွဲဖက်
ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်
ရေးထိုးခဲ့ကြသည်။ ဤသည်မှာ ယခင် ဆိုဗီယက်သမ္မတနိုင်ငံ
တစ်နိုင်ငံနှင့် ပထမဆုံးစာချုပ်ချုပ်ဆိုခြင်းပင်ဖြစ်သည်။ ဤစာချုပ်၌လွတ်လပ်သော ကုန်သွယ်ရေး ဒေသတစ်ခု တည်ထောင်ရေး
အလားအလာနှင့်တကွ နှစ်ဦးနှစ်ဖက်စီးပွားရေးနှင့် နိုင်ငံရေးအရ
ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် ပြဋ္ဌာန်းထားသည်။
နိုင်ငံခြားဆက်ဆံမှုများ
ဥရောပသမဂ္ဂသည် ၎င်း၏ကိုယ်ပိုင်လုပ်ခွင့်အရ နိုင်ငံပေါင်းများစွာနှင့်လည်းကောင်း၊အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း
များနှင့်လည်းကောင်း သံတမန်ဆက်ဆံမှုများရှိသည့်အပြင် ဂတ်အဖွဲ့ကဲ့သို့အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးညီလာခံ
များတွင် အဖွဲ့အစည်းတစ်ရပ်အဖြစ်ဖြင့် ပါဝင်ဆင်နွှဲသည်။ ယင်းသမဂ္ဂသည် ကုလသမဂ္ဂ၌ လေ့လာသူ အဆင့်အတန်းကို ရရှိထားသည်။ နိုင်ငံနှင့်နိုင်ငံစု အမြောက်အမြားနှင့် သဘောတူ
စာချုပ်များချုပ်ဆိုကာ ကုန်သွယ်ရေးနှင့် အခြားရေးရာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ခွင့်များရရှိခဲ့သည်။ ယင်းသမဂ္ဂသည်
အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်အမျိုးမျိုးတွင်လည်း
ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။
၁၉၈၇ ခု၊ ဇူလိုင် ၁ ရက်နေ့ချုပ်ဆိုခဲ့သော တစ်ခုတည်းသော ဥရောပအက်ဥပဒေအရအဖွဲ့ဝင်နိုင်ငံများသည်
နိုင်ငံခြားရေးရာကိစ္စများတွင် တစ်ဦးနှင့်တစ်ဦး အကြောင်းကြား
အသိပေးကာ ဆွေးနွေး တိုင်ပင်ကြ ရမည်ဖြစ်သည်။ ဥရောပသမဂ္ဂဆိုင်ရာ စာချုပ်ပါ ပြဋ္ဌာန်းချက်များအရ အဖွဲ့ဝင်အစိုးရများသည် နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ ကိစ္စများတွင်
အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တွဲဖက်ပူးပေါင်းဆောင်ရွက်ခွင့်ရှိသည်။
ဤစာချုပ်၌ အဆုံးစွန်သောကာလတွင် ဘုံကာကွယ်ရေးပေါ်လစီ
တစ်ရပ် ပြုလုပ်ချမှတ်ရေးအတွက်မျှော်မှန်းချက် ရှိသည့်အပြင်
ဘုံကာကွယ်ရေး တပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထူထောင်မည့် အလား
အလာလည်းရှိသည်။
အနောက်ဥရောပသမဂ္ဂဟူသောအမည်ဖြင့် တည်ရှိ၍
ဒိန်းမတ်၊ ဂရိနှင့် အိုင်ယာလန်နိုင်ငံတို့မှ တစ်ပါး ကျန်ရှိသည့်
ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးပါဝင်သည့် အဖွဲ့အစည်းကို
၎င်း သမဂ္ဂ၏ ကာကွယ်ရေးအစိတ် အပိုင်းအဖြစ် ဖန်တီးကြမည်ဖြစ်သည်။ သို့သော်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး)သို့ တာဝန်ခံယူထားချက်များကိုမူ
ဂရုပြုလေးစားကြမည်ဖြစ်သည်။
ဘုံနိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒသည် ဥရောပ
အဖွဲ့(အီးစီ)၏ လုပ်ပိုင်ခွင့်အတွင်း၌ တည်ရှိသည်။ ဤလုပ်ငန်း
နယ်ပယ်၌ ဆုံးဖြတ်ချက်များကို ဥရောပကောင်စီနှင့် ဝန်ကြီးများ
ကောင်စီတို့က ပြုလုပ်ကြသည်။
ဥရောပငွေကြေးယူနစ်
ဥရောပငွေကြေးစနစ် (အီးအမ်အက်စ်)ကို တည်ထောင်
ဖန်တီးခဲ့ကြရာတွင် ဥရောပငွေကြေးယူနစ် (အီးစီယူ)ခေါ် ငွေကြေးစနစ် အသစ်တစ်မျိုးကို အတည်ပြုပြဋ္ဌာန်းခဲ့ကြသည်။ ယင်း၏
တန်ဖိုးနှင့် ဖွဲ့စည်းမှုမှာဥရောပအဖွဲ့၏ အုပ်ချုပ်ရေးနယ်ပယ်များ၌
သုံးစွဲနေပြီဖြစ်သော အီးယူအေခေါ် ဥရောပငွေစာရင်းယူနစ်နှင့် တူညီသည်။
၁၉၇၉ ခုနှစ်မှစ၍ အီးစီယူကိုဘုံစိုက်ပျိုးရေး ပေါ်လစီ
ရေးရာကိစ္စများအတွက် ငွေကြေးအဖြစ်အသုံးပြုခဲ့ကြသည်။
အီးစီယူသည် ၁၉၈၁ ခုနှစ်မှစ၍ ဥရောပအဖွဲ့ (အီးစီ)၏ ရသုံးငွေစာရင်းတွင် အီးယူအေကို ဖယ်ရှား၍၎င်း၏နေရာကို အစားထိုး
ဝင်ယူခဲ့လေသည်။ ယခုအခါ၌ အီးစီယူသည် ဥရောပအဖွဲ့၏
တစ်ခုတည်းသော ငွေကြေးယူနစ်ဖြစ်သည်။
အီးစီယူသည် ရောပြွမ်းပေါင်းစပ်ထားသော
ငွေကြေးယူနစ်တစ်ခုဖြစ်သည်။ ဤငွေကြေးယူနစ်
အတွင်း၌ ငွေကြေးတစ်ခုစီ၏ စံနှုန်းတန်ဖိုးကို နိုင်ငံတစ်နိုင်ငံစီ၏ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး
(ဂျီအင်ပီ)နှင့် ကုန်သွယ်မှုပမာဏအရ ပိုင်းခြားသတ်မှတ်သည်။
၁၉၈၅ ခုနှစ်၊ ဇွန်လတွင် ဥရောပအဖွဲ့၏ ဗဟိုဘဏ်
ဥက္ကဋ္ဌများက အီးစီယူ ငွေကြေးသုံးစွဲမှု တိုးတက်ကျယ်ပြန့်ကာ
ဥရောပငွေကြေးစနစ် (အီးအမ်အက်စ်)ကို ခိုင်မာအောင်ပြုလုပ်ရန်
ရည်ရွယ်လျက် စီမံချက်များ ချမှတ်လုပ်ဆောင်ခဲ့ကြသည်။
၁၉၈၉ ခု၊ ဇွန်လတွင် ပေါ်တူဂီနိုင်ငံနှင့် စပိန်နိုင်ငံတို့၏ ငွေကြေးများကိုအီးစီ ယူ၏ဖွဲ့စည်းမှုတွင် ၎င်းနှစ်စက်တင်ဘာ ၂ဝ
ရက်နေ့မှစ၍ ထည့်သွင်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထိုနေ့ရက်မှစ၍ အီးစီယူဖွဲ့စည်းမှု၌ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံများ၏
အမျိုးသားငွေကြေး ပမာဏများ၏ တန်ဖိုးညီမျှမှုကို ရာခိုင်
နှုန်းများဖြင့် ဖော်ပြခဲ့သည်။ ဥပမာအားဖြင့် ပြင်သစ်ဖရန့်ငွေ- ၁၉ ဒသမ ဝ၊ ဂျာမန်ဒွိုက်ရှ် မတ်ငွေ-၃ဝ ဒသမ ၁၊ ဗြိတိသျှ ပေါင်
စတာလင် ၁၃ ဒသမ ဝ။
၁၉၉၃ ခု၊ စက်တင်ဘာ ၃ဝ ရက်နေ့တွင် အီးစီယူ၏
တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇၆ဝ၄ ဖြစ်ခဲ့သည်။
ဥရောပအဖွဲ့၏ ဘတ်ဂျက်နှင့်ဘဏ္ဍာရေးအခြေအနေ
ဥရောပအဖွဲ့ (အီးစီ)၏ ယေဘုယျ သုံးငွေစာရင်း
(ဘတ်ဂျက်)တွင် ဘုံဈေးအဖွဲ့ (အီးစီ)နှင့် ယူရေတွမ်အဖွဲ့တို့၏
အသုံးစရိတ်နှင့် ဥရောပ ကျောက်မီးသွေးနှင့် သံမဏိအဖွဲ့
(အီးစီအက်စ်စီ) ၏အုပ်ချုပ်ရေးအသုံးစရိတ် တို့ပါဝင်သည်။
ဥရောပကော်မရှင်သည် ၎င်းဘတ်ဂျက်ကို အကောင်အထည်ဖော်ရန် တာဝန်ရှိသည်။ ဥရောပအဖွဲ့၏ရငွေများတွင် အခွန်အတုတ်များနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ထည့်ဝင်ငွေကြေးများပါဝင်သည်။
၁၉၉၃ ခုနှစ်အတွက် အီးစီကော်မရှင်၏ စုစုပေါင်း
ဘတ်ဂျက် အသုံးစရိတ် လျာထားငွေ များမှာ အီးစီယူ
အီးစီယူ ၆၄,၄ဝ၅ သန်းကျော်ရှိသည်။
ဤငွေများတွင် အုပ်ချုပ်ရေးအတွက် အီးစီယူ ၂,၂၈၃ သန်းကျော်နှင့် လုပ်ငန်းဆောင်ရွက်မှုများ (စီမံကိန်း၊ စီမံချက်စသည်များဖော်ဆောင်ရေး) အတွက် အီးစီယူ ၆၂,၁၂၁သန်း ပါဝင်သည်။
ရငွေဘက်တွင် စုစုပေါင်းအခွန်ငွေများရရှိမှုမှာ ၁၉၉၃
ခုနှစ်တွင် အီးစီယူ ၆၅,၅၂၂ ဒသမ ၆ သန်း ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။ ဤငွေပမာဏတွင် အဖွဲ့ဝင်နိုင်ငံများ၏ ထည့်ဝင်ကြေး များမှာ အီစီယူ ၆၅,ဝ၆၄ ဒသမ ၉ သန်း ခန့်ရှိသည်။
ထည့်ဝင်ငွေကြေးများတွင် အများဆုံးထည့်ဝင်သူမှာ ဂျာမနီနိုင်ငံ (၂၈ ဒသမ ၇ ရာခိုင်နှုန်း)နှင့် အနည်းဆုံးထည့်ဝင်သူမှာ လူဇင်ဘတ်
နိုင်ငံ (သုညဒသမ ၂ ရာခိုင်နှုန်း) ဖြစ်သည်။
တက်ထွန်းအောင်[၃]
ကိုးကား
↑ Oxford Dictionary of English: European 5 b. spec. Designating a developing series of economic and political unions between certain countries of western (and later also eastern) Europe from 1952 onwards, as European Economic Community, European Community, European Union.။
↑ First demographic estimates for 2009 (11 December 2009)။ 3 February 2010 တွင် ပြန်စစ်ပြီး။
↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
ကဏ္ဍများ:
- ဥရောပတိုက်
- နိုင်ငံများ ပေါင်းစုထားသည့် အဖွဲ့အစည်းများ
(RLQ=window.RLQ||[]).push(function()mw.config.set("wgPageParseReport":"limitreport":"cputime":"0.140","walltime":"0.187","ppvisitednodes":"value":1978,"limit":1000000,"ppgeneratednodes":"value":0,"limit":1500000,"postexpandincludesize":"value":42629,"limit":2097152,"templateargumentsize":"value":14267,"limit":2097152,"expansiondepth":"value":13,"limit":40,"expensivefunctioncount":"value":0,"limit":500,"unstrip-depth":"value":0,"limit":20,"unstrip-size":"value":1743,"limit":5000000,"entityaccesscount":"value":0,"limit":400,"timingprofile":["100.00% 127.595 1 -total"," 54.44% 69.461 1 Template:Cleanup"," 42.34% 54.022 1 Template:Mbox"," 28.95% 36.945 1 Template:European_Union_Labelled_Map_(blue)"," 13.84% 17.658 41 Template:Image_label_small"," 8.91% 11.367 1 Template:DMC"," 8.63% 11.009 41 Template:Image_label"," 7.28% 9.294 1 Template:Image_label_begin"," 5.00% 6.375 1 Template:Navbar"," 4.87% 6.219 2 Template:Cite_web"],"scribunto":"limitreport-timeusage":"value":"0.014","limit":"10.000","limitreport-memusage":"value":785868,"limit":52428800,"cachereport":"origin":"mw1305","timestamp":"20190525134131","ttl":2592000,"transientcontent":false););"@context":"https://schema.org","@type":"Article","name":"u1025u101bu1031u102cu1015 u101eu1019u1002u1039u1002","url":"https://my.wikipedia.org/wiki/%E1%80%A5%E1%80%9B%E1%80%B1%E1%80%AC%E1%80%95_%E1%80%9E%E1%80%99%E1%80%82%E1%80%B9%E1%80%82","sameAs":"http://www.wikidata.org/entity/Q458","mainEntity":"http://www.wikidata.org/entity/Q458","author":"@type":"Organization","name":"Contributors to Wikimedia projects","publisher":"@type":"Organization","name":"Wikimedia Foundation, Inc.","logo":"@type":"ImageObject","url":"https://www.wikimedia.org/static/images/wmf-hor-googpub.png","datePublished":"2009-08-20T08:03:13Z","dateModified":"2018-11-07T09:55:48Z","image":"https://upload.wikimedia.org/wikipedia/commons/7/75/European_Union_enlargement.gif"(RLQ=window.RLQ||[]).push(function()mw.config.set("wgBackendResponseTime":168,"wgHostname":"mw1263"););